Max Energy မှ ဧရာဝတီဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးတွင် လိုအပ်သော စက်သုံးဆီများကို အခမဲ့ ထောက်ပံ့ လှူဒါန်း

Max Energy မှ ဧရာဝတီဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးတွင် လိုအပ်သော စက်သုံးဆီများကို အခမဲ့ ထောက်ပံ့ လှူဒါန်း

Max Energy မှ ဧရာဝတီဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ ငလျင်ဘေးဒဏ်သင့် ထိခိုက်ပျက်စီးထားသော လူနေအဆောက်အဦး၊ ရှေးဟောင်းအမွေအနှစ် ဗိသုကာအဆောက်အဦးများ၊ ဘာသာရေးအဆောက်အဦးများ၊ ပြည်သူများ၏အသက်များကို အချိန်မီ ကယ်တင်ပေးနေသော လုပ်ငန်းခွင်နေရာများတွင် ကူညီကယ်ဆယ်ပေးနေသော လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံတကာမှ ကယ်ဆယ်ရေးအဖွဲ့များ၏ စက်ယန္တရားများ၊ မော်တော်ယာဉ်များ၊မီးသတ်ကားများ၊ မီးစက်များ၊ ကယ်ဆယ်ရေးယာဉ်များအတွက် လိုအပ်သော စက်သုံးဆီများကို မြေပြင်အရောက် အခမဲ့ ထောက်ပံ့ လှူဒါန်းပေးလျက်ရှိပါသည်။


ထို့အတူ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော လူနာတင်ယာဉ်များအတွက်လိုအပ်သော စက်သုံးဆီများကို Max Energy ဆိုင်များမှတစ်ဆင့် လည်း အခမဲ့ ကူညီ ပံ့ပိုးပေးလျက်ရှိပါသည်။
Max Energy အနေဖြင့် ပြည်သူများခံစားနေရသည့် အခက်အခဲများကို ကူညီဆောင်ရွက်နေသူများအား လေးစားဂုဏ်ပြုပါကြောင်း နှင့် ဘေးအန္တရာယ်ကင်းရှင်းပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။


“အများအကျိုးအတွက် အသင့်ရှိနေမည် Max Energy “

Max Energy, in collaboration with the Ayeyarwaddy Foundation, is currently donating and providing fuel free of charge on the ground for machinery, vehicles, fire trucks, generators, and rescue vehicles used by local social organisations, international rescue teams, and others involved in rescue operations. These efforts support emergency response activities at damaged residential buildings, heritage and religious sites, and workplaces actively saving lives affected by the earthquake.
Fuel is being supplied to the rescue vehicles, generators, and ambulances continually engaged in extracting individuals trapped under the rubble of collapsed buildings. Max Energy family expresses deep respect and gratitude to all the humanitarian efforts during this challenging time and prays for their continued safety.

“Max Energy always stands for societal betterment.”